အောင်လံ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့ မန်ကျည်းကုန်းရပ်ကွက် ကိုးသိန်းတောင်တော်အတွင်း တည်ထားတော်မူသော ဇဗ္မူသီရိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကံ့ကော်တစ်ထောင် ဗုဒ္ဓရုပ်ပွားတော် မြင်ကွင်းများကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။

ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ကံကော်တစ်ထောင်ဘုရားများကို ၂၀၁၈ ခုနှစ်က စတင်တည်ထားတော်မူခဲ့ကြောင်း သိရသည်။

ဇဗ္မူသီရိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ၂၀၂၃ ခုနှစ် မေလတွင် စတင်တည်တော်မူခဲ့ပြီး ဉာဏ်တော် ၅၄ ပေ ရှိကြောင်းသိရသည်။ (Xinhua)

#မကွေးတိုင်းဒေသကြီး #အောင်လံမြို့ #ကံကော်တစ်ထောင်ဗုဒ္ဓရုပ်ပွားတော် #ဇဗ္မူသီရိဗုဒ္ဓရုပ်ပွားတော်မြတ်