ဘစ်ရှ်ကက်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ကာ ဘစ်ရှ်ကက်မြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။

အဆိုပါ နိုင်ငံတော်ခရီးစဉ်အတွင်း ရှီနှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျပါရော့ဗ်တို့က ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်းကောင်း၊ ထာဝရ အိမ်နီးချင်းကောင်းပီသရေး၊ ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အပြန်အလှန် သဘောတူစာချုပ်ကိုလည်းကောင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။

SCO ထိပ်သီးအစည်းအဝေး၌ ရှီက အဆိုပြုချက် လေးရပ်ကို အဆိုပြုကြေညာခဲ့ပြီး SCO အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူအတွက် အဓိကဦးစားပေးရေး၊ လုံခြုံရေးကို အဓိကဦးတည်ချက်အဖြစ် သတ်မှတ်ရေး၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကို အားပေးမြှင့်တင်ရေးအတွက် ဆက်လက်ကတိကဝတ်ပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

..................................................

(English Version)

President Xi's Bishkek Time

From Aug. 30 to Sept. 1, Chinese President Xi Jinping paid a state visit to Kyrgyzstan -- his first in seven years -- and attended the Shanghai Cooperation Organization (SCO) Summit 2026 in Bishkek.

During the state visit, Xi and Kyrgyz President Sadyr Japarov signed a joint declaration on the high-quality development of the comprehensive strategic partnership for a new era and a bilateral treaty on permanent good-neighborliness, friendship and cooperation.

At the SCO Summit, Xi put forward a four-point proposal, calling on the SCO to stay committed to putting development and the people first, taking security as a key goal, and promoting dialogue and consultation.

Produced by Xinhua Global Service