ကိုင်ရို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု၏ စံနမူနာဖြစ်ကာ ခိုင်မာအားကောင်းသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ အကျိုးကျေးဇူးများပြားသော အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံရေးရာများ၌ အနီးကပ် ထိရောက်မှုရှိသော ညှိနှိုင်းဆောင်ရွက်မှုရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
ရှီက အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ခရီးစဉ်အဖြစ် ကိုင်ရိုမြို့သို့ ရောက်ရှိလာစဉ် စာဖြင့်ရေးသားထားသော မိန့်ခွန်း၌ အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရှီက တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်ပြည်သူများ၏ ကိုယ်စား အီဂျစ်နိုင်ငံ အစိုးရနှင့် အီဂျစ်ပြည်သူများထံ စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သကာ ဆုမွန်ကောင်းတောင်းဆန္ဒပြုပါကြောင်း စာဖြင့်ရေးသားထားသော မိန့်ခွန်း၌ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260902/34194778866d42a1bdf51c71a9442466/c.html
……………..
(English Version)
Xi says China, Egypt set example of friendship, solidarity between developing countries
CAIRO, Sept. 2 (Xinhua) -- Chinese President Xi Jinping said Tuesday that China and Egypt set an example of friendship, solidarity and coordination between developing countries, with strong political mutual trust, fruitful mutually beneficial cooperation, and close and effective coordination in multilateral affairs.
Xi made the remarks in a written speech delivered upon his arrival in Cairo for a state visit to Egypt at the invitation of Egyptian President Abdel Fattah El-Sisi.
In his written speech, Xi extended, on behalf of the Chinese government and the Chinese people, sincere greetings and best wishes to the Egyptian government and the Egyptian people.
https://english.news.cn/20260902/34194778866d42a1bdf51c71a9442466/c.html








