
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းအထိ အိမ်ထောင်စု ၆,၉၉၇ စုမှ လူဦးရေ ၃၁,၈၇၄ ဦး ရေဘေးသင့်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မြို့နယ်သည် နှစ်စဉ် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပြီး ဩဂုတ် ၂၀ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ကျေးရွာအုပ်စု ၁၇ အုပ်စုနှင့် ရပ်ကွက် ၂ ခုတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်လှစ်ထားရှိပြီး လူဦးရေ ၃၇၀ ကျော်ကို လက်ခံနေရာချထားပေးပြီး မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများထံ အခြေခံစားသောက်ကုန်များနှင့် သောက်သုံးရေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)








