မုံရွာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း စက်တင်ဘာလ ၁ ရက် နံနက် ၁၁ နာရီခန့်က သင်္ဘော ၁ စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်နေသော သင်္ဘောတစ်စင်း ကိုယ်ထည်အတွင်းမှ  မီးခိုးများထွက်နေကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)