ခတ္တမန္ဒူ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီအထိ နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ သေဆုံးသူ ရုပ်အလောင်း ၆၂၆ ခု ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၂,၄၂၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ဩဂုတ် ၂၉ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။

Rasuwa ၊ Nuwakot နှင့် Dhading ခရိုင်သုံးခုမှ ဘေးဒဏ်သင့်ပြည်သူများအား ကူညီရန်အတွက် ခတ္တမန္ဒူ အုပ်ချုပ်ရေးရုံးက ထိုနေ့တွင် အရေးပေါ် သတိပေးချက် ထုတ်ပြန်၍ ခတ္တမန္ဒူ လူမှုအစုအဖွဲ့၊ အဖွဲ့အစည်း၊ လုပ်ငန်းကုမ္ပဏီ၊ တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များထံမှ သဘာဝဘေးကယ်ဆယ်ရေး ပစ္စည်းများ စုစည်းခဲ့သည်။

နီပေါနိုင်ငံအစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် ရုပ်အလောင်းများ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသည့်လုပ်ငန်းတွင်  နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ ကူညီလုပ်ဆောင်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း The Kathmandu Post သတင်းစာ၏ ဩဂုတ် ၂၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

---------------------

(Chinese Version)

尼泊尔泥石流已致626人死亡 2426人失联

新华社加德满都8月29日电(记者刘杨 张平)尼泊尔国家减少灾害风险管理局29日在社交媒体发文说,截至当地时间10时,该国泥石流受灾地区已发现626具遇难者遗体,另有2426人失联。  

加德满都行政办公室当日发布紧急通告,面向加德满都各类社团、机构、企业、个人等募集救灾物资,以驰援拉苏瓦、努瓦果德和塔丁三县受灾群众。  

据《加德满都邮报》28日报道,尼泊尔政府将允许国际专家协助救援和遗体身份识别工作。(完)