အော့တဝါ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရက အွန်တေရီယိုရေကန် (Lake Ontario) ကို “အမေရိက ရေကန် (Lake America)” ဟု အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက ဩဂုတ် ၂၇ ရက်တွင် အွန်တေရီယိုရေကန်၏ အမည်သည် ရှည်လျားသော သမိုင်းကြောင်း နောက်ခံရှိကြောင်း၊ ပြင်ပပတ်ဝန်းကျင် မည်သို့ပင်ပြောင်းလဲစေကာမူ ကနေဒါနိုင်ငံသားအားလုံးအနေဖြင့် ဤအမည်ကို အမြဲသုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာ့ခ်ကာနီသည် ထိုနေ့တွင် လူမှုမီဒီယာ၌ အွန်တေရီယိုရေကန်၏ မူလအဓိပ္ပာယ်မှာ “ခမ်းနားလှပပြီး ကျယ်ပြန့်သောရေကန်” ဖြစ်ပြီး ဤအမည်သည် နှစ်ပေါင်း ၄၀၀ ကျော် သမိုင်းကြောင်းရှိကြောင်း၊ ကနေဒါဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်းနှင့် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်းအချိန်ထက်ပင် များစွာ စောကြောင်း ရေးသားဖော်ပြခဲ့သည်။
အမေရိကန်သည် ၎င်း၏ ကုန်သွယ်ရေးဆက်ဆံရေး၊ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားအထိမ်းအမှတ်ကျောက်တိုင်နှင့် ရေကြောင်းဆိုင်ရာ နေရာအမည်များအပါအဝင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ကနေဒါဘက်အနေဖြင့် သတိပြုမိကြောင်း မာ့ခ်ကာနီက ပြောကြားခဲ့သည်။ ဤရေကန်ကို အွန်တေရီယိုရေကန်ဟု ခေါ်ဆိုကြောင်း ကနေဒါနိုင်ငံသားများ နားလည်သဘောပေါက်ထားကြပြီး “ယနေ့ ဤအတိုင်း ဖြစ်သလို၊ နောင်အမြဲတမ်းလည်း ဤအတိုင်းပင် ဖြစ်မည်” ဟု ၎င်းက ဆိုသည်။
ဩဂုတ် ၂၇ ရက် အစောပိုင်းတွင် အမေရိကန်သမ္မတ ထရမ့်က အွန်တေရီယိုရေကန်ကို “အမေရိက ရေကန်” ဟု အမည်ပြောင်းလဲရန် အမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းအမိန့်သည် “ချက်ချင်းအသက်ဝင်သည်” ဟု ပြောကြားခဲ့သည်။ ၎င်းသည် ဩဂုတ် ၂၅ ရက်တွင် လူမှုမီဒီယာ၌ “အမေရိကန်က အွန်တေရီယိုရေကန်ကို 'အမေရိက ရေကန်' လို့ အမည်ပြောင်းလဲဖို့ လေးလေးနက်နက်စဉ်းစားနေပါတယ်၊ ဘာလို့လဲဆို ကျွန်တော်တို့ နောက်နောင် (ကနေဒါ) အွန်တေရီယိုပြည်နယ်နဲ့ စီးပွားရေးလုပ်ငန်းတွေ များများစားစား ရှိမှာ မဟုတ်တော့ဘူးလို့ ခန့်မှန်းထားတာကြောင့်ပါ” ဟု ရေးသားဖော်ပြခဲ့ရာ ကနေဒါဘက်မှ ဤပြောကြားချက်အပေါ် မကျေနပ်မှုနှင့် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
အွန်တေရီယိုရေကန်သည် မြောက်အမေရိကတိုက်၏ ရေကန်ကြီး ၅ ကန်အနက် တစ်ခုဖြစ်ပြီး အမေရိကန်နှင့် ကနေဒါနယ်စပ်တွင် တည်ရှိသည်။ ရေကန်၏မြောက်ဘက်တွင် ကနေဒါနိုင်ငံ အွန်တေရီယိုပြည်နယ်၊ တောင်ဘက်တွင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တို့ တည်ရှိသည်။ (Xinhua)
................................................
(Chinese Version)
卡尼回应美方“改名令”:加拿大永远称之为安大略湖
新华社渥太华8月27日电(记者林威)针对特朗普政府将安大略湖更名为“美国湖”,加拿大总理卡尼27日表示,安大略湖的名称承载着悠久的历史渊源,无论外部环境如何变化,加拿大人都将始终使用这一名称。
卡尼当天在社交媒体发文说,安大略湖本意为“秀丽、广袤之湖”,这一名称已有400多年历史,远早于加拿大联邦成立和美国《独立宣言》签署。
卡尼说,加方注意到美国正在发生变化,包括其贸易关系、外交政策、国家纪念碑以及其水文地名都在变化。加拿大人明白,这个湖叫安大略湖,“今天如此,永远如此”。
27日早些时候,美国总统特朗普签署一项行政令,将安大略湖更名为“美国湖”,并称该命令“立即生效”。他25日在社交媒体上写道:“美国正在认真考虑将安大略湖更名为‘美国湖’,因为我们预计今后不会再与(加拿大)安大略省有太多生意往来了。”这一言论引发加拿大方面不满与批评。
安大略湖是北美洲五大湖之一,位于美国与加拿大交界处,湖区北接加拿大安大略省,南邻美国纽约州。(完)








