ယူနန်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၇ ရက် ညနေခင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီမြို့ရှိ အယ်ဟိုင်ရေကန် ကမ်းနားတစ်လျှောက်တွင် ပူဖောင်းမိုး (bubble rain) နှင့် လှသွေးကြွယ်သော နေဝင်ဆည်းဆာ ဆုံစည်းသည့်မြင်ကွင်းသည် ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းသဖြင့် လာရောက်ဓာတ်ပုံရိုက်ကူးရန်နှင့် အမှတ်တရ မှတ်တမ်းတင်ရန် ခရီးသွားဧည့်သည်များစွာအား ဆွဲဆောင်လျက်ရှိသည်။ (Xinhua)








