မြန်မာနိုင်ငံတွင် မွေးမြူထားသော ရေချိုပုစွန်များအား တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Commerce (Myanmar) )
မြန်မာနိုင်ငံတွင် မွေးမြူထားသော ရေချိုပုစွန်များအား တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Commerce (Myanmar) )

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၃,၀၀၀ နီးပါး တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၉ သန်းကျော်ရရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ၂၉၅၆ ဒသမ ၆၃၆ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၉.၃၄၄ သန်း ရရှိခဲ့ကြောင်း၊ အဆိုပါ လေးလတာကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂၈၂၀.၃၀၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈.၅၈၈ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၃၆.၃၃၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၀.၇၅၆ သန်းရရှိသည့်အတွက် စုစုပေါင်းပုစွန်မက်ထရစ်တန် ၂၉၅၆. ၆၃၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉.၃၄၄ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပုစွန်နှင့်ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ရာ ယခုဘဏ္ဍာနှစ်လေးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်မက်ထရစ်တန် ၉၉,၀၇၉.၂၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၂.၈၀၅ သန်းရရှိထားကြောင်း သိရသည်။  (Xinhua)