အမရပူရမြို့ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့သော ဦးပိန်တံတားအား တွေ့ရစဉ် (ဆင်ဟွာ)
အမရပူရမြို့ရှိ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့သော ဦးပိန်တံတားအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် ရှေးဟောင်းအဆောက်အအုံများအား ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (သြဂုတ် ၂၂ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်အဆောက်အုံတို့ကို သြဂုတ် ၂၀ ရက်က ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးပိန်တံတားသည် ၁၈၅၁ ခုနှစ်က တောင်သမန်အင်းကိုဖြတ်ပြီး အမရပူရမြို့နယ်နှင့် တောင်သမန်ရွာကို ဆက်သွယ်တည်ဆောက်ထားရာ တိုင် ၁,၀၈၆ တိုင်၊ အရှည် ၃,၉၈၇ ပေ ရှည်လျားကာ လက်ရှိ ၁၇၅ နှစ် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီးတို့ကိုလည်း သြဂုတ် ၂၀ ရက်က ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာအပန်းဖြေသည့် ထင်ရှားသော နေရာဖြစ်ပြီး ယခုကဲ့ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းသည် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ ခရီးသွားမြှင့်တင်ရေးအတွက်လည်း အထောက်အပံ့ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် ဗိုလ်တထောင် လေမှုတ်စက်ရုံတို့ကိုလည်း ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခဲ့သည်။  (Xinhua)