တီဟီရန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်က အီရန်အပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအသစ် လုပ်ဆောင်ခြင်းအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ အီရန်အနေဖြင့် “ကိရိယာနှင့် စွမ်းဆောင်ရည်အားလုံး” ကို အသုံးပြု၍ အမျိုးသားအကျိုးစီးပွားနှင့် အီရန်ပြည်သူများ၏ တရားဝင်အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်က အီရန်အပေါ် ပမာဏအများအပြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှု လုပ်ဆောင်မည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းသည် အီရန်နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်နေပြီး “စီးပွားရေး အကြမ်းဖက်ဝါဒ” နှင့် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှု” အား ထင်ဟပ်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာအား လေးစားရမည်ဟူသော အခြေခံမူကို ချိုးဖောက်နေပြီး နိုင်ငံတကာဥပဒေ၏ အခြေခံစံနှုန်းကို နင်းချေထားကြောင်း ကြေညာချက်တွင် ဆိုထားသည်။

ယခုအကြိမ် ပိတ်ဆို့အရေးယူမှုသည် အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ပွဲစတင်ဆင်နွှဲပြီးနောက် ရည်မှန်းချက်အား မဖော်ဆောင်နိုင်ခဲ့သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသည် အီရန်ပြည်သူများက အညံ့ခံလာစေရန် ရည်ရွယ်ကြောင်း၊ အဆိုပါလုပ်ရပ်သည် အီရန်ပြည်သူများ၏ နိုင်ငံတော်လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းလိုသည့် သန္နိဋ္ဌာန်အား ယိမ်းယိုင်စေမည်မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပိတ်ဆို့အရေးယူမှုနှင့် စီးပွားရေးအရ ဖိအားပေးမှုသည် “စစ်ပွဲနှင့် စစ်ရေးအရကျူးကျော်မှု ဟူသည့် ဒင်္ဂါးပြား၏  နောက်တစ်မျက်နှာ” ဖြစ်ကြောင်း ကြေညာချက်တွင် ယူဆထားသည်။

အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ် ဖော်ဆောင်ကြောင်း ကြေညာခြင်းသည် “စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး မအောင်မြင်သည့်” မူဝါဒတစ်ရပ်ကို ရှေ့ဆက်လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒအား ထပ်မံကျင့်သုံးခြင်းသည် ယခင်ဖြစ်ရပ်မှားများသာ ပြန်လည်ဖြစ်ပွားမည်ဖြစ်ကြောင်း၊ အီရန်သည် မိမိ၏ကိုယ်ပိုင်စွမ်းရည်နှင့် လွန်ခဲ့သည့်ဆယ်စုနှစ်ချီကာလအတွင်း အမေရိကန်၏ ဖိနှိပ်မှုမူဝါဒအား ရင်ဆိုင်သည့် အတွေ့အကြုံဖြင့် “ကိရိယာနှင့် စွမ်းဆောင်ရည်အားလုံး” ကို အသုံးပြုကာ အမျိုးသားအကျိုးစီးပွားနှင့် အီရန်ပြည်သူများ၏ တရားဝင်အခွင့်အရေးအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီရန်နှင့်‌ ဆွေးနွေးညှိနှိုင်းမှု ရပ်တန့်နေခြင်းကြောင့် အီရန်အပေါ် “ဖျက်ဆီးမှုအသွင် စီးပွားရေးလှုပ်ရှားမှု” လုပ်ဆောင်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလည်း အမေရိကန်အနေဖြင့် အီရန်အပေါ် “ယခင်က မရှိခဲ့ဖူးသည့်” စီးပွားရေးဆိုင်ရာ အထီးကျန်စေမှု အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။ (Xinhua)

------------------------------------

(Chinese Version)

伊朗谴责美国新制裁 称将维护国家利益

新华社德黑兰8月20日电(记者陈霄 沙达提)伊朗外交部20日发表声明,强烈谴责美国对伊朗实施新的经济和贸易制裁,称伊朗将利用“一切工具和能力”维护国家利益和伊朗人民的合法权利。  

声明说,美国宣布对伊朗实施大规模经济和贸易制裁,侵犯了伊朗公民基本人权,是“经济恐怖主义”和“反人类罪”的体现;违反尊重国家主权原则,践踏了国际法基本准则。  

声明说,此次制裁是在美国和以色列对伊朗发动战争未能实现目标后实施的,旨在迫使伊朗人民屈服。此举无法动摇伊朗人民维护国家独立、尊严和主权的决心。声明认为,制裁和经济施压是“战争和军事侵略这枚硬币的另一面”。  

声明表示,美国宣布实施新制裁,是延续一项“已经过检验并遭到失败”的政策,再次采取这一政策只会重蹈覆辙。伊朗将依靠自身能力以及过去数十年应对美国施压政策的经验,利用“一切工具和能力”维护国家利益和伊朗人民的合法权利。  

由于与伊朗的谈判停滞,美国总统特朗普19日宣布对伊朗实施“毁灭性经济行动”。美国财政部长贝森特20日警告称,美国将对伊朗实施“史无前例的经济孤立”措施。(完)

图说:8月17日,在伊朗首都德黑兰,伊朗外交部新闻发言人巴加埃出席每周例行新闻发布会。新华社记者 沙达提 摄