ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးကို သယ်ဆောင်လာပေးသည်မှာ “ထိုးနှက်မှု” မဟုတ်ဘဲ အခွင့်အလမ်းများဖြစ်ပြီး၊ “ဖိအားပေးမှု” မဟုတ်ဘဲ တိုးတက်မှုစွမ်းအင်များဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး မိမိကိုယ်တိုင်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံအသီးသီးအတွက် ဈေးကွက်အကျိုးစီးပွား၊ ဆန်းသစ်တီထွင်မှု အကျိုးစီးပွား၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများစွာ ပံ့ပိုးပေးလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ၎င်းတို့အနေဖြင့် လတ်တလောကာလအတွင်း အမေရိကန်ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း ပါမောက္ခ Dani Rodrik ၊ အမေရိကန် လုပ်ငန်းကုမ္ပဏီများ အင်စတီကျု သုတေသနဌာန ဌာနမှူး Michael R. Strain စသည့် စီးပွားရေးပညာရှင်များက စာရေးသား၍ “တရုတ်နိုင်ငံထိုးနှက်မှု” ၊ “တရုတ်နိုင်ငံ ဖိအားပေးမှု” ပြောဆိုချက်များကို ပြန်လည်ချေပခဲ့သည်ဟု သတိထားမိကြောင်း ပြောကြားခဲ့သည်။
အဆိုပါရေးသားချက်တွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒသည် “အိမ်နီးချင်းနိုင်ငံများနှင့် အတားအဆီးပြုခြင်း” မဟုတ်ဘဲ “အိမ်နီးချင်းများအား အကျိုးပြုခြင်း” ဖြစ်သည်ဟု ယူဆကြကြောင်း၊ တရုတ်နိုင်ငံသည် ကုန်ချောပစ္စည်းများ ရောင်းချသည်သာမက ကုန်ထုတ်လုပ်မှု စက်ပစ္စည်း၊ အစိတ်အပိုင်း၊ ကြားခံထုတ်ကုန် အများအပြားလည်း တင်ပို့ကာ နိုင်ငံများစွာ၏ စက်မှုလုပ်ငန်းအသွင်ပြောင်းမှု အရင်းအနှီးကို ကူညီလျှော့ချပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံလုပ်ငန်းများကို စတေးပြီး အခြားနိုင်ငံအတွက် လမ်းဖယ်ပေးရမည်ဟူသော အယူအဆသည် စီးပွားရေးပညာအရ သဘောတရားမကျဟု ဆိုခဲ့ကြောင်း၊ ယင်းအပေါ် ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မည်ကဲ့သို့မှတ်ချက်ပြု ပြောကြားလိုပါသနည်းဟု ၎င်းက မေးမြန်းခဲ့သည်။
“ဒီလိုမျိုး အမြော်အမြင်ရှိသူတွေများစွာက အလားတူအတွေးအမြင်တွေ ထုတ်ဖော်ပြောကြားလာတာကို ကျွန်တော်တို့ သတိပြုမိပါတယ်” ၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးကို သယ်ဆောင်လာပေးသည်မှာ “ထိုးနှက်မှု” မဟုတ်ဘဲ အခွင့်အလမ်းဖြစ်ပြီး “ဖိအားပေးမှု” မဟုတ်ဘဲ တိုးတက်မှုစွမ်းအင်များဖြစ်သည်ကို ဖြစ်ရပ်မှန်က သက်သေထူနေကြောင်း လျင်ကျန့်က ထောက်ပြခဲ့သည်။
ဈေးနှုန်းချိုသာ၍ ပစ္စည်းကောင်းမွန်သော တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုလုပ်ငန်းအသွင်ပြောင်းမှု လုပ်ငန်းစတင်ရန်လိုအပ်ချက်အား လျှော့ချပေးလိုက်ကြောင်း၊ အရင်းအမြစ်အား ဖွင့်လှစ်ပေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသော တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုများကြောင့် ပိုမိုများပြားသောနိုင်ငံများက ရှေ့ပြေးနည်းပညာများကို လက်လှမ်းမီ အသုံးပြုလာနိုင်ကြောင်း၊ တည်ငြိမ်၍ ယုံကြည်အားကိုးရသော တရုတ်နိုင်ငံ ပံ့ပိုးမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးလိုက်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ခေတ်မီအသွင်ပြောင်းမှုလမ်းကြောင်းသို့ ပိုမိုလျင်မြန်စွာ လျှောက်လှမ်းနိုင်ရန် ကူညီတွန်းအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
“လက်ရှိ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှု၊ မတည်ငြိမ်မှု အကြောင်းအချက်များ တိုးပွားလာမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး မိမိကိုယ်တိုင်ရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံအသီးသီးအတွက် ဈေးကွက်အကျိုးစီးပွား၊ ဆန်းသစ်တီထွင်မှု အကျိုးစီးပွား၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများစွာ ပံ့ပိုးပေးလိုပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
…………..
(Chinese Version)
外交部:中国发展带给世界的不是“冲击”而是机遇
新华社北京8月20日电(记者邵艺博、孙楠)外交部发言人林剑20日表示,中国发展带给世界的不是“冲击”而是机遇,不是“挤压”而是赋能。中国愿继续以自身高质量发展,为各国提供更多市场红利、创新红利、发展红利。
当日例行记者会上,有记者问:我们注意到,近期美国哈佛大学肯尼迪政府学院教授达尼·罗德里克、美国企业研究所经济政策研究部主任迈克尔·斯特雷恩等经济学家撰文批驳所谓“中国冲击”“中国挤压”论调,认为中国的贸易政策并非“以邻为壑”,而是“惠邻利邻”;中国不光卖成品,还大量出口生产设备、零部件、中间品,帮不少国家降低工业化成本;要求中国主动牺牲本国产业给别国让路,这种论调没有经济学道理。发言人对此有何评论?
“我们注意到,越来越多有识之士发表了类似见解。”林剑指出,事实证明,中国发展带给世界的不是“冲击”而是机遇,不是“挤压”而是赋能。物美价优的中国制造,降低了发展中国家的工业化门槛;开源普惠的中国创新,让更多国家用得上、用得起前沿技术;稳定可靠的中国供应,提升了全球产供链的韧性,助推全球南方国家更快走上现代化道路。
“面对当前世界经济不确定、不稳定性因素增多,中国愿继续以自身高质量发展,为各国提供更多市场红利、创新红利、发展红利。”他说。(完)








