ဟန်ကျိုး၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

အကယ်၍ အသက်ကယ်ဘောကွင်းတစ်ကွင်းသည် သင့်ထံသို့ ၎င်းကိုယ်တိုင် ပျံသန်းလာနိုင်ပါက မည်သို့ဖြစ်မည်နည်း။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့ရှိ ရဲတပ်ဖွဲ့မှ တီထွင်ဖန်တီးထားသည့် ဤ AI နည်းပညာသုံး ပျံသန်းနိုင်သော အသက်ကယ်ဘောကွင်းသည် ဘေးအန္တရာယ်ကျရောက်နေသူများထံ အလိုအလျောက် သွားရောက်နိုင်ပြီး ရေပေါ်ပေါ်နေစေရန် အထောက်အကူပေးနိုင်သည့်အပြင် ကူညီကယ်ဆယ်ရေးမစ်ရှင်ပြီးနောက် ၎င်းကိုယ်တိုင် ပြန်လည်ပျံသန်းလာနိုင်ပေသည်။

ရေကြောင်းကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်စေရန်အတွက် AI နှင့် စက်ရုပ်တီထွင်အသုံးချမှုပညာရပ်ကို အသစ်အဆန်းပုံစံ အသုံးပြုထားခြင်းပင် ဖြစ်သည်။ (Xinhua)

……………………………………..

(English Version)

AI-powered flying lifebuoy speeds up water rescue

What if a lifebuoy could fly itself to you?

Developed by police in Hangzhou, east China, this AI-powered flying lifebuoy can autonomously navigate to people in distress, provide flotation support - and fly back on its own after the rescue mission.

A new use of AI and robotics for faster water rescue.