အမ်မန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဂျော်ဒန်နိုင်ငံအနေဖြင့် အစိမ်းရောင်စွမ်းအင်၊ သိပ္ပံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်းကဏ္ဍ စသည့် နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် မျှော်လင့်ကြောင်း ဂျော်ဒန်နိုင်ငံဘုရင် အဗ္ဗဒူလာ-၂ က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံနမူနာတစ်ခု ဖြစ်လာသည့်အတွက် ဂျော်ဒန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်သွားရန် မျှော်လင့်သည်ဟု ဩဂုတ် ၁၈ ရက်၌ စတင်မည့် ၎င်း၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ သီးသန့်အင်တာဗျူးတစ်ခုတွင် ဂျော်ဒန်ဘုရင်က ပြောကြားခဲ့သည်။
"ဂျော်ဒန်နိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ ဘုံဦးစားပေးကိစ္စရပ်တွေကို မြှင့်တင်ဖော်ဆောင်ရာမှာတင်မကဘဲ နှစ်နိုင်ငံပြည်သူတွေအတွက် ဆန်းသစ်တီထွင်မှုနဲ့ ပိုမိုကြီးမားတဲ့ သာယာဝပြောမှုတွေကို မြှင့်တင်ရာမှာလည်း ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ဘုရင် အဗ္ဗဒူလာ-၂ က လာမည့်ခရီးစဉ်ကို စောင့်မျှော်နေသည်ဟု ပြောကြားခဲ့ပြီး ယင်းခရီးစဉ်သည် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ပေးမည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ဂျော်ဒန်-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်ဟု ဂျော်ဒန်ဘုရင်က ပြောသည်။ "အစဉ်အဆက် သံတမန်ဆက်ဆံရေးအပြင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုချင်း ဖလှယ်မှုအထိ ပူးပေါင်းဆောင်ရွက်မှုတွေ ကျယ်ပြန့်လာခဲ့တယ်" ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံသည် ဂျော်ဒန်နိုင်ငံ၏ အများပိုင်ကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေးတွင်လည်း အဓိကမိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု ၎င်းက ဆိုသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဂျော်ဒန်နိုင်ငံ၏ အများပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် တရုတ်နိုင်ငံအစိုးရက စီစဉ်ပေးသော လေ့ကျင့်သင်ကြားရေး အစီအစဉ်များကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။
"ဒါ့အပြင် ဂျော်ဒန်နိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းဖူလုံမှုရှိရေးနဲ့ ဖြန့်ကြက်စီမံရေး မဟာဗျူဟာတို့ကို ကြီးကြီးမားမား အကျိုးပြုခဲ့တယ်" ဟု ဂျော်ဒန်ဘုရင်က ဆိုသည်။
ဂျော်ဒန်နိုင်ငံအနေဖြင့် အစိမ်းရောင်စွမ်းအင်၊ သိပ္ပံပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ခရီးသွားလုပ်ငန်း၊ မြို့ပြလေကြောင်းကဏ္ဍ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် ရည်မှန်းထားသည်ဟုလည်း ၎င်းက ပြောသည်။
ဂျော်ဒန်နိုင်ငံအနေဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်တင်ပို့မှု ဗဟိုချက်အဖြစ် ဆောင်ရွက်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်ဟု ဘုရင် အဗ္ဗဒူလာ-၂ က မှတ်ချက်ပြုရင်း ဂျော်ဒန်၏ မဟာဗျူဟာကျသော တည်နေရာ၊ အရင်းအမြစ်များနှင့် အတတ်ပညာကျွမ်းကျင်သည့် လူငယ်အင်အားကို တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား၊ နည်းပညာကျွမ်းကျင်မှု၊ တစ်ကမ္ဘာလုံးသို့ ဖြန့်ကြက်နိုင်မှုတို့နှင့် ပေါင်းစပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် ထူးခြားကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးသည်ဟုလည်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံနဲ့ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ ခိုင်မာတဲ့ အလားအလာတွေကိုလည်း မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ သာလွန်ကောင်းမွန်တဲ့ ထုတ်လုပ်မှုစွမ်းရည်တွေနဲ့ တစ်မူထူးခြားတဲ့ ရိုက်ကူးရေးနေရာတွေကို အခြေတည်ရင်း ဂျော်ဒန်နိုင်ငံကို တရုတ်ရုပ်ရှင်လုပ်ငန်းအတွက် ဦးစားပေးရွေးချယ်စရာ ရိုက်ကူးရေးနေရာတစ်ခုအဖြစ် ဖန်တီးလို့ရတယ်" ဟု ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260817/e5e9cba1568449b28d3c52a44581188e/c.html
................................................................................
(English Version)
Interview: Jordanian king looks to advance Jordan-China strategic partnership
AMMAN, Aug. 17 (Xinhua) -- Jordan looks forward to expanding cooperation with China into areas such as green energy, scientific innovation, tourism and civil aviation, said King Abdullah II of Jordan.
China is a major global economic and political force and has become a global model for development and economic progress, and Jordan expects to further deepen the strategic partnership between the two countries, the king said in an exclusive interview ahead of his visit to China starting Tuesday.
"The deep-rooted relationship between the Hashemite Kingdom of Jordan and the People's Republic of China serves as a strong foundation for advancing our shared priorities and fostering innovation and greater prosperity for our peoples," he said.
King Abdullah II said he looks forward to the upcoming visit, which he hopes will elevate the partnership between the two nations to a higher level.
Since the establishment of the Jordan-China strategic partnership in 2015, "our bilateral relations have achieved substantial progress," the king said. "Cooperation has expanded beyond traditional diplomatic ties to include trade and investment, infrastructure, education, healthcare and cultural exchanges."
He said China has also been a key partner in Jordan's public sector capacity building. Between 2015 and 2025, thousands of Jordanians in the public and private sectors have benefited from training programs offered by the Chinese government.
"Moreover, Chinese energy investments in Jordan have contributed significantly to our self-sufficiency and diversification strategy," the king said.
The Jordanian side looks to expand cooperation into areas such as green energy, scientific innovation, tourism and civil aviation, he said.
Noting that Jordan is well positioned to serve as a regional manufacturing and export hub, King Abdullah II said that Jordan's strategic location, resources and skilled youth, coupled with China's economic strength, technology expertise and global reach, create exceptional opportunities to broaden cooperation.
"We also see strong potential for deeper cooperation with China by positioning Jordan as a preferred filming destination for the Chinese film industry, building on our superior production capabilities and unique filming locations," he said.
https://english.news.cn/20260817/e5e9cba1568449b28d3c52a44581188e/c.html








