ရန်ကုန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်တွင် ရိုးရာအိုးပုတ်ပွဲတော်ကို သြဂုတ် ၂၀ ရက်မှ ၂၁ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ပွဲတော်သည် ရှေးယခင်ကတည်းက နှစ်စဥ် ကျင်းပခဲ့သော ရိုးရာပွဲတော်များအနက် တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားမှုများပြားသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အိုးပုတ်ပွဲတော်အား အိုးဘိုရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် ကျင်းပပြီး အိုးပုတ်၊ ချိုးရုပ်၊ ဆီမီးခွက်များ၊ မြေပန်းအိုးများ စသည့် အရောင်းဆိုင်များစွာ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။(Xinhua)