ဝါရှင်တန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၁၆ ရက်တွင် အမေရိကန်ကာကွယ်ရေးဌာနအား အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတိုင်းအတာကို သိသိသာသာ လျှော့ချရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်က လူမှုကွန်ရက်တွင် ပို့စ်ရေးသား၍ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် “ကုန်ကျစရိတ် အလွန်တရာကြီးမား” ပြီး ယင်းတို့အနက် ကြီးမားသော အစိတ်အပိုင်းကို အမေရိကန်က ကျခံနေရကာ တစ်ချိန်တည်းတွင် မြောက်ကိုရီးယားသို့ “လုံးဝမသင့်လျော်သော ရန်လိုသည့် အချက်ပြမှု” များ ပေးပို့နေသည်ဟု ဖော်ပြထားသည်။

ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် “အလွန်ကောင်းမွန်သော ဆက်ဆံရေး” ရှိသည်ကို ထည့်သွင်းစဉ်းစားသဖြင့် ၎င်းအနေဖြင့် “အမေရိကန်က လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သဘောတူညီခဲ့သည့်အပေါ် ကျေနပ်မှုမရှိကြောင်း” ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းရန် နောက်ကျနေပြီဖြစ်တာကြောင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို “အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု အတိုင်းအတာအား သိသိသာသာ လျှော့ချဖို့” ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က ပို့စ်တွင် နောက်ဆုံးတွင် ၎င်းသည် မကြာသေးမီက တောင်ကိုရီးယားအား “အီရန် နျူကလီးယားကင်းစင်ရေး” အတွက် အမေရိကန်နှင့် အတူ မြှင့်တင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သော်လည်း တောင်ကိုရီးယားဘက်က ငြင်းဆိုခဲ့ကြောင်း ထောက်ပြခဲ့သည်။ (Xinhua)

.........................................

Chinese Version

特朗普要求“大幅缩减”美韩军演规模

新华社华盛顿8月16日电(记者颜亮)美国总统特朗普16日说,已要求国防部大幅缩减美国与韩国的联合军演规模。  

特朗普在社交媒体发文说,这些军演“耗资巨大”,其中很大一部分由美国负担,同时对朝鲜释放出“完全不恰当和敌对的信号”。  

特朗普表示,考虑到他与朝鲜领导人金正恩有着“非常良好的关系”,他对于“美国很久以前同意参加与韩国的联合军演感到不满”。

他说,鉴于现在取消军演已经为时过晚,他已经指示国防部“大幅缩减”美韩联合军演规模。  

特朗普在帖文最后指出,他最近要求韩国与美国一起推动“伊朗无核化”,但遭到韩方拒绝。(完)

图说:2025年8月25日,美国总统特朗普(左)在华盛顿白宫欢迎韩国总统李在明。新华社记者 胡友松 摄