ထိုက်ယွမ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီ ၀၂ မိနစ်တွင် Long March-2C ပို့ဆောင်ရေးဒုံးပျံဖြင့် SEO ဂြိုဟ်တုကို အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ပို့ဆောင်ရေးဒုံးပျံ၏ ၆၆၄ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)
---------------------------
(Chinese Version)
中国成功发射SEO卫星
新华社太原8月17日电(李国利、李宸)8月17日11时02分,中国在太原卫星发射中心使用长征二号丙运载火箭,成功将SEO卫星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。
这次任务是长征系列运载火箭的第664次飞行。(完)








