ဘိုဂိုတာ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံတွင် ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၂၈၉ ဦး သေဆုံး၍ ၁၄၃ ဦး ပျောက်ဆုံးကာ လူ ၄,၁၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘေးဒဏ်သင့်လူဦးရေ ၁၈၀,၀၀၀ ကျော်ရှိကြောင်း ကိုလံဘီယာသမ္မတ Abelardo de la Espriella က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
နောက်ဆုံးဘေးဒဏ်သင့်မှုအခြေအနေ အစီရင်ခံစာအရ လက်ရှိတွင် ပညာရေးဌာနပေါင်း ၂,၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ ကိုလံဘီယာနိုင်ငံအစိုးရအနေဖြင့် အစီအမံများလုပ်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Abelardo de la Espriella က ထိုနေ့တွင် ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း ဆိပ်ကမ်းမြို့ Buenaventura ၌ သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့်အကွာဖြစ်ပြီး ငလျင်အနက် ၉၆ ကီလိုမီတာရှိကြောင်း ကိုလံဘီယာ ဘူမိဗေဒဌာနက ထုတ်ပြန်ခဲ့သည့် သတင်းအရ သိရသည်။ (Xinhua)
…………………..
(Chinese Version)
哥伦比亚强震已致289人死亡 逾18万人受灾
新华社波哥大8月16日电(记者李子健)哥伦比亚总统德拉埃斯普列亚16日说,该国10日发生的强震已造成289人死亡、143人失踪、4187人受伤,受灾人口超过18万。
德拉埃斯普列亚当日在该国西部港口城市布埃纳文图拉通报说,根据最新灾情报告,目前已有2800多所教育机构受损。哥政府将采取措施,支持受灾地区灾后恢复和重建工作。
据哥伦比亚地质局发布的消息,哥伦比亚西部当地时间10日发生7.4级地震,震中距离乔科省圣何塞-德尔帕尔马市约20公里,震源深度96公里。(完)
图说1:这是8月14日在哥伦比亚佩雷拉拍摄的在地震中损毁的建筑。新华社发(安德烈斯·莫雷诺摄)
图说2:8月14日,一名男子在哥伦比亚佩雷拉查看建筑受损情况。新华社发(安德烈斯·莫雷诺摄)








