အောင်လံ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်းမှာ အဓိကစိုက်ပျိုးထွက်ရှိတဲ့ မိုးမြေပဲသီးနှံများသည် ယခုနှစ်တွင် စျေးကောင်းရနေတယ်လို့ ပွဲရုံကုန်စည်ဒိုင်တွေထံကနေသိရပါသည်။

အောင်လံမြို့ မြောက်ဘက်နှင့် တောင်ဘက်ရှိကျေးရွာအများစုက ထွက်ရှိသည့် မိုးမြေပဲအစိုအတောင့်များ အဝယ်ဒိုင်တွေထံသို့ လှိုင်လှိုင်ဝင်လျက်ရှိကြောင်း သိရသည်။

ရရှိလာသော မြေပဲလုံးဆန်အသန့်များကို ပြည်တွင်းဆီစက်များနှင့် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချကြသည်ဟု မြေပဲအဝယ်ဒိုင်လုပ်ငန်းများထံမှ သိရသည်။

မိုးမြေပဲအဝယ်ဒိုင်သို့ မြေပဲကားများဝင်ရောက်မှု၊ အရောင်းအဝယ်ပြုလုပ်နေမှု၊ မြေပဲများ ဖြန့်ခင်းနေလှန်းမှုနှင့် မြေပဲလုံးဆန်များ ရွေးချယ်နေသည့် မြင်ကွင်းများကို ၂၀၂၆ ခုနှစ် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)