ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်များစွာအတွင်း တရုတ်နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့သည့် သံတမန်ရေးဆိုင်ရာ အထင်ကရ အခမ်းအနားများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထိုအခမ်းအနားများသည် အပြန်အလှန်ဆွေးနွေးမှု ပလက်ဖောင်းများအဖြစ်သာမက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကို ပြသခဲ့သလို သမ္မတ ရှီကျင့်ဖိန်၏ သံတမန်ရေး ချဉ်းကပ်မှုပုံစံကိုလည်း တစေ့တစောင်း ညွှန်ပြခဲ့သည်။

မိတ်ဆွေအရင်းအချာများကိုဖြစ်စေ၊ ပထမဆုံးအကြိမ် လာရောက်သော ဧည့်သည်တော်များကိုဖြစ်စေ၊ ကြိုဆိုဧည့်ခံရာတွင် ရှီ၏ အထူးတလည် အလေးထားမှုက အိမ်ရှင်အဖြစ် လှိုက်လှဲစွာဧည့်ဝတ်ပြုသော သံတမန်နည်းလမ်းကို ပုံဖော်ပေးသည့် ဝိသေသလက္ခဏာတစ်ခု ဖြစ်လာခဲ့ကာ အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန် အထောက်အကူပြုလျက်ရှိသည်။ (Xinhua)

………………………

(English Version)

Rendezvous in the East, Together Toward the Future

Over the years, China has hosted a series of major diplomatic gatherings that have brought together world leaders. More than simply platforms for dialogue, these occasions have showcased China's vision for global cooperation and offered a glimpse of President Xi Jinping's approach to diplomacy.

Whether welcoming old friends or first-time visitors, Xi's attentiveness has become a defining feature of China's diplomacy as a host, helping foster mutual trust and friendship.

Produced by Xinhua Global Service