
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ် ၁၄ ခုကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်နေ့စဉ်ထုတ် The Global New Light of Myanmar သတင်းစာက ဩဂုတ် ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
MIC က နေပြည်တော်တွင် ဩဂုတ် ၁၄ ရက်က ကျင်းပသည့် အစည်းအဝေး၌ လက်ရှိရင်းနှီးမြှုပ်နှံမှုများ၏ အရင်းအနှီးတိုးမြှင့်မှုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ် နှစ်ခုနှင့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနှင့် အိမ်ရာကဏ္ဍများ၌ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်းသစ် ၁၂ ခုကို အတည်ပြုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် စုပေါင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အမေရိကန်ဒေါ်လာ ၁၄၀.၄၇၄ သန်းရှိပြီး ပြည်တွင်းစီမံကိန်းများအတွက် ကျပ်ငွေ ၁.၁၇၈၇ ထရီလီယံကျော်ရှိကြောင်း၊ ယင်းစီမံကိန်းများမှာ အလုပ်အကိုင် ၃,၃၃၆ ခုကို ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သတင်း၌ ဖော်ပြထားသည်။
MIC အနေဖြင့် ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အဆိုပြုချက်များကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ လက်ရှိရင်းနှီးမြှုပ်နှံသူများကိုလည်း ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Myanmar approves 14 new investment projects, creating 3,336 jobs
YANGON, Aug. 15 (Xinhua) -- The Myanmar Investment Commission (MIC) has approved 14 new investment projects, the state-owned daily The Global New Light of Myanmar reported on Saturday.
At a meeting on Friday in Nay Pyi Taw, the MIC approved two new foreign investment projects from the capital increase of ongoing investments and 12 new local investment projects in the industrial, service, electricity and housing sectors, the report said.
Total investment is valued at 140.474 million U.S. dollars for foreign investments and over 1.1787 trillion kyats (about 561.3 million U.S. dollars) for local projects, and the projects are expected to create 3,336 jobs, it said.
The MIC oversees and approves investment project proposals from local and foreign investors and provides services to existing investors under the Myanmar Investment Law, it added.
Photo: Employees make clothes for export at a garment factory in Yangon, Myanmar, May 12, 2023. (Photo by Myo Kyaw Soe/Xinhua)








