ရန်ကုန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ မြစ်ကြီးများ၏ ရေမျက်နှာပြင်အဆင့်သည် နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၆ မြို့တွင် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေကြောင်း သြဂုတ် ၁၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီ၊ သံလွင်၊ စစ်တောင်းနှင့် ဒုဋ္ဌဝတီ မြစ်များ၏ ရေမျက်နှာပြင်အဆင့်များသည် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ် မြို့များတွင် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါဌာနက သက်ဆိုင်ရာနေရာများရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ယူဆောင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)








