မြန်မာနိုင်ငံအတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိမှုအားတွေ့ရစဥ် (ဓာတ်ပုံ-MOI)
မြန်မာနိုင်ငံအတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိမှုအားတွေ့ရစဥ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် ဩဂုတ် ၃ ရက်မှ ၉ ရက်အတွင်း တရားမဝင်သစ်သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၇ ဦးကို သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ယနေ့​ (သြဂုတ် ၁၂ ရက်) ၌ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကာလအတွင်း အာဏာပိုင်များက သံသယရှိသူများကို ဖမ်းဆီးခဲ့ပြီး ကျွန်းသစ် ၂.၂၉ တန် အပါအဝင် စုစုပေါင်း သစ် ၂၃.၈၉ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူလူထုအခြေပြု စောင့်ကြည့်သတင်းပို့သည့်စနစ် (Community Monitoring and Reporting System) အပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြု၍ တရားမဝင် သစ်ခုတ်ယူမှုနှင့် သစ်တောထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုများကို အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိကြောင်း သိရသည်။ (Xinhua)