တီဟီရန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

အီရန် လွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ Hassan Ghashghavi က ကော်မတီအနေဖြင့် “ဟော်မုဇ်ရေလက်ကြား လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု သေချာစေရေးဆိုင်ရာ မဟာဗျူဟာလှုပ်ရှားမှု အစီအစဉ်” ယေဘုယျ မူဘောင်ကို အတည်ပြုပြီး ဖြစ်ကြောင်း ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် ဌာနများ၏ နှုတ်အားဖြင့် သော်လည်းကောင်း၊ စာလွှာအားဖြင့်သော်လည်းကောင်း အကြံပြုချက်များကို လွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မတီ၏ အစည်းအဝေးတွင် ဆွေးနွေးစိစစ်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်များက အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု Hassan Ghashghavi က ပြောကြားခဲ့ကြောင်း အီရန် အစ္စလာမ်မစ်နိုင်ငံပိုင် သတင်းဌာန (IRNA) ၏ သတင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးတွင် ယင်းအစီအစဉ်ယေဘုယျမူဘောင်ကို ကော်မတီက မဲအပြည့်ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

伊朗议会国家安全委员会批准霍尔木兹海峡安全纲要

新华社德黑兰8月9日电(记者陈霄 沙达提)伊朗议会国家安全与外交政策委员会发言人哈桑·卡什卡维9日表示,《确保霍尔木兹海峡安全与发展的战略行动计划》总体框架已获委员会通过。

伊朗伊斯兰共和国通讯社报道说,卡什卡维表示,相关机构和部门的口头及书面意见在议会国家安全与外交政策委员会的会议上被讨论和审议,相关机构代表参加了会议。最终,该计划总体框架在委员会以全票通过。(完)