ဝါရှင်တန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဩဂုတ် ၉ ရက် ဖော်ပြချက်အရ အမေရိကန်သမ္မတ ထရမ့်သည် ၎င်းတို့၏ အင်တာဗျူးကို ဖြေကြားရာတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအသစ်များ လုပ်ဆောင်ခြင်းထက် စီးပွားရေးအရ ဖိအားပေးခြင်းအား ပို၍ လိုလားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတ ထရမ့်က အဆိုပါ အချိန်ခဏတာ ဖုန်းဖြင့် အင်တာဗျူးတွင် “ကျုပ်တို့က ဒီကိစ္စကို သိုသိုသိပ်သိပ် ကိုင်တွယ်ဆောင်ရွက်နေတယ်” ၊ “ကျုပ်တို့က သူတို့ (အီရန်) နဲ့ တစ်ပိုင်းတစ်စ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေတာပါ။ အီရန်ကို ကျုပ်တို့ စောင့်ကြည့်နေရုံပါပဲ၊ သူတို့မှာ ဆိုးရွားတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေး မရှိတော့တဲ့ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ပြောကြားခဲ့သည်။ အမေရိကန်၏ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုသည် အီရန်နိုင်ငံ၏ စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သည်ဟုလည်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်က ရေနံဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၇၅ ဒေါ်လာကျော်ရုံလေးလောက်အထိ ကျဆင်းလာခြင်းနှင့်အတူ အမေရိကန် စားသုံးသူများက စစ်ပွဲအတွင်းခံစားနေရသည့် ဒုက္ခများ အထိုက်အလျောက် လျော့နည်းသွားကြောင်း ပြောကြားခဲ့သည်။ အီရန်နှင့် အဖန်တလဲလဲ အားပြိုင်နေမှုနှင့်စပ်လျဉ်း၍ “ကိစ္စတွေက ပြေလည်သွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြေရှင်းနိုင်တယ်။ ဒါက စစ်တုရင်ထိုးတာနဲ့တူတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက လက်ရှိတွင် အီရန်အနေဖြင့် အမေရိကန်နှင့် မည်သည့် ဆွေးနွေးမှုမျှ မပြုလုပ်ထားကြောင်း၊ အမေရိကန်က နားလည်မှုစာချွန်လွှာ ချိုးဖောက်မှုများ ရပ်တန့်ပြီး သက်ဆိုင်ရာ ကတိချိုးဖောက်မှုလုပ်ရပ်များကို ပြန်လည်ဖြည့်ဆည်းမှု မပြုလုပ်သေးမီ နှစ်ဖက် ဆွေးနွေးမှု ပြန်လည်စတင်သည့် ဖြစ်နိုင်ခြေအနေအထား မရှိဟု အီရန်ဘက်က ယူဆကြောင်း ဩဂုတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်က အမေရိကန်-အီရန် ပဋိပက္ခ အဆုံးမသတ်သေးကြောင်း၊ “သို့သော် အစပျိုးသည့် အခင်းအကျင်း မဟုတ်တော့ဘဲ အလယ်ပိုင်းအဆင့်ကို ရောက်ရှိလာသည်မှာ ထင်ရှားကြောင်း” ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်က သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေး စသည့် အထွေထွေနည်းလမ်းများကို သုံးပြီး နောက်ဆုံးတွင် အကောင်းဆုံးရလဒ် ရရှိစေရေး သေချာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
美媒:特朗普倾向对伊朗经济施压而非军事打击
新华社华盛顿8月9日电 美国阿克西奥斯新闻网站9日报道称,美国总统特朗普在接受其采访时,倾向于对伊朗施加经济压力,而非发动新的军事行动。
特朗普在此次简短电话采访中表示,“我们正在低调处理此事”。“我们只是与他们(伊朗)进行半正式谈判。我们只是在观望伊朗,他们(面临)严重的通货膨胀以及没钱的事实。”他强调,美国的海上封锁令伊朗的经济雪上加霜。
特朗普还说,随着油价降至略高于每桶75美元,美国消费者从战事中感受到的痛苦有所减少。谈及与伊朗的反复博弈,“事情会解决的。它总能解决。这就像下棋一样”。
伊朗外交部长阿拉格齐9日说,目前伊朗没有与美国进行任何谈判。在美国停止违反谅解备忘录的行为并对相关违约行为作出补救之前,伊朗方面认为双方不具备重新启动谈判的可能性。
美国副总统万斯8日表示,美伊冲突还没有结束,“但显然已不在开局阶段,而是进入了中局阶段”。他称,美国正在综合运用外交、经济和军事等一系列手段,以确保最终取得最好结果。(完)
1. 7月21日,美国总统特朗普(中)在华盛顿白宫迎候黎巴嫩总统奥恩(不在画面中)。新华社发(李源清摄)








