ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကျော်ဝင်ရောက်ခြင်းအား ဆောလျင်စွာ တားဆီးနိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်စဥ်(ဓာတ်ပုံ- ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကျော်ဝင်ရောက်ခြင်းအား ဆောလျင်စွာ တားဆီးနိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်စဥ်(ဓာတ်ပုံ- ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငဝန်မြစ်ကမ်းပါး ရေကာတာကျိုးပေါက်မှုကြောင့် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၇ ရက်အထိ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြစ်ကမ်းပါးကျိုးပေါက်မှုသည် လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်တွင် သဲမြေသားများ ယိုစီးဆင်းခြင်းနှင့် မြေနိမ့်ကျခြင်းများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများကို ကူညီပေးနိုင်ရန်အတွက် ယာယီကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားရှိရာ လေးမျက်နှာမြို့နယ်တွင် (၁၃) ခု၊ ဟင်္သာတမြို့နယ်တွင် (၄) ခု၊ ရေကြည်မြို့နယ်တွင် (၆) ခုနှင့် ကျုံပျော်မြို့နယ်တွင် (၁) ခု အသီးသီး ဖွင့်လှစ်ထားကြောင်း သိရသည်။

ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အစိုးရဌာနများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။ သြဂုတ် ၇ ရက် အချက်အလက်များအရ မြို့ပေါ်ရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းလျက်ရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ၏ ၃၅ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊ အရေးပေါ်ဆက်သွယ်ရေးအတွက် ကယ်ဆယ်ရေးစခန်းများတွင် Cell on Wheels နှင့် B2B ဂြိုဟ်တုဆက်သွယ်ရေးစက်များကို တပ်ဆင်ထားကြောင်း သိရသည်။ ယင်းရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များ ဆက်လက်ဖြန့်ဝေပေးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျပ် ၁၄၆ သန်းကျော် (အမေရိကန်ဒေါ်လာ ၆၉,၅၂၃ ကျော်) ကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကျော်ဝင်ရောက်ခြင်းအား ဆောလျင်စွာ တားဆီးနိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်စဥ်(ဓာတ်ပုံ- ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကျော်ဝင်ရောက်ခြင်းအား ဆောလျင်စွာ တားဆီးနိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်စဥ်(ဓာတ်ပုံ- ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့)

.......................

(English Version)

Over 40,000 affected by flooding after embankment breach in Myanmar's Ayeyarwady

  YANGON, Aug. 8 (Xinhua) -- More than 40,000 people have been affected by flooding following the breach of the Ngawun River embankment in Myanmar's Ayeyarwady region, from July 30 to August 7, according to the Ministry of Social Welfare, Relief and Resettlement on Saturday.

  The embankment breach occurred in Laymyethna township in Ayeyarwady region on July 30 after sand boils and land subsidence were observed.

    To assist flood victims, temporary relief camps have been opened, including 13 in Laymyethna township, four in Hinthada township, six in Yegyi township and one in Kyonpyaw township.

    Rescue and relief operations have been carried out jointly by government departments, military units, the Myanmar Police Force, the Myanmar Fire Services Department, social rescue organizations and volunteer groups, the ministry said.  

   As of Friday night, floodwaters in urban wards had gradually declined, while about 35 percent of communication services had been restored, it said, adding that a Cell on Wheels and a B2B satellite terminal have been installed at relief camps to support emergency communications.

   Food supplies have continued to be distributed to affected people, with more than 146 million kyats (over 69,523 U.S. dollars) already provided for relief efforts, it said. Enditem