ခါးရှီ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခါးရှီမြို့ တွင် ပြုလုပ်သည့် စိုက်ပျိုးရေးပြပွဲတစ်ခုတွင် ခေတ်မီ စိုက်ပျိုးရေးစက်ရုပ်တစ်ရုပ်က လယ်သမားများ၏ လယ်ယာလုပ်ငန်းခွင် စွမ်းဆောင်ရည်ကို မည်မျှအထိ မြှင့်တင်ပေးနိုင်သည်ကို ထုတ်ဖော်မိတ်ဆက်ပြသခဲ့သည်။

ဘီးလုံးဝင်ရိုးကြားအကွာအဝေးအား လိုသလိုချိန်ညှိနိုင်သောစနစ်နှင့် စိုက်ခင်းတစ်ခွင် နှံ့နှံ့စပ်စပ် ဆေးဖျန်းနိုင်သော လက်တံများ ပါရှိသောကြောင့် ဝါဂွမ်း၊ ပြောင်းဖူးနှင့် ငရုတ်ကောင်းစသည့် သီးနှံအမျိုးမျိုးကို စိုက်ပျိုးရာတွင် ၎င်းစက်ရုပ်ကို အသုံးပြုနိုင်သည်။ (Xinhua)

……………………

(English Version)

Meet the robot helping farmers in China's Xinjiang

At a farm demo in Kashgar, northwest China's Xinjiang, a smart agricultural robot showed farmers how much it could boost their efficiency.

With an adjustable wheelbase and wide spray arm, it can work across crops like cotton, corn and peppers.