ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဆန်းကျန့်မြို့ကြီး၌ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာလ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်လျက်ရှိကာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များအား လှိုက်လှဲပျူငှာစွာ ထပ်မံကြိုဆိုသွားမည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ စုဝေးတက်ရောက်ခဲ့သည့် အထင်ကရ သံတမန်ရေးဆိုင်ရာ အခမ်းအနားများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားများသည် တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းများ ဖြစ်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကို ပြသခဲ့သလို သမ္မတ ရှီကျင့်ဖိန်၏ သံခင်းတမန်ခင်း နည်းလမ်းကိုပါ တစေ့တစောင်း ဖော်ပြရာရောက်ခဲ့သည်။

ရှီသည် ကမ္ဘာ့ခေါင်းဆောင်များကို ဧည့်ခံကြိုဆိုရာတွင် ဧည့်ဝတ်ကျေပွန်မှုဖြင့် အစပြုလေ့ရှိသည်။

၂၀၂၃ ခုနှစ် မေလက ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်သည် အသက် ၇၀ ပြည့်မွေးနေ့ ကျရောက်ချိန်တွင် ပထမဆုံးအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရှေးခေတ်ပိုးလမ်းမမြို့ဖြစ်သော ရှီးအန်းသို့ ရောက်ရှိလာခဲ့သည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးစဉ် ရှီက ၎င်း၏ ဧည့်သည်တော်အား မွေးနေ့ဆုမွန်ကောင်းစကားများ ပြောကြားခဲ့သည်။

"ဒီလိုထူးခြားတဲ့ အခါသမယမှာ အဆွေတော်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာမြဲမြံမှု အတိုင်းအတာကို ပြသနေပြီး တရုတ်နိုင်ငံနဲ့ အဆွေတော်ရဲ့ တစ်မူထူးခြားတဲ့ ရင်းနှီးမှုကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်" ဟု ရှီက ပြုံးရွှင်စွာ ပြောကြားခဲ့သည်။

မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည့် တိုကာယက်ဗ်ကလည်း "ကျေးဇူးတင်ပါတယ်" ဟု တရုတ်ဘာသာစကားဖြင့် ပြန်လည်ပြောကြားခဲ့သည်။

"ရပ်ဝေးမြေခြားက မိတ်ဆွေတွေ အလည်အပတ်လာရောက်တာဟာ စစ်မှန်တဲ့ ပျော်ရွှင်ကျေနပ်စရာတစ်ခု မဟုတ်ပေဘူးလား" ဟူသော ရှေးခေတ် တရုတ်စကားပုံတစ်ခုရှိသည်။

မိတ်ဆွေအရင်းအချာများကိုဖြစ်စေ ပထမဆုံးအကြိမ် လာရောက်သော ဧည့်သည်များကိုဖြစ်စေ ကြိုဆိုဧည့်ခံရာတွင် ရှီ၏ အလေးအနက်ထားမှုက အိမ်ရှင်အဖြစ် ဧည့်ခံကြိုဆိုသော တရုတ်နိုင်ငံ၏ သံခင်းတမန်ခင်းကို အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးသည့် ဝိသေသလက္ခဏာတစ်ခု ဖြစ်လာခဲ့ကာ အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။  

သို့ရာတွင် အဆိုပါ အခမ်းအနားသည် ဧည့်ဝတ်ကျေပွန်ခြင်းထက် ပို၍အရေးပါလှပေသည်။

ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ဖြစ်ပေါ်နေခိုက် တွေ့ဆုံဆွေးနွေးမှု၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက တိုက်တွန်းဆော်ဩကာ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အဆိုပြုချက်များ တင်သွင်းအဆိုပြုရာ နေရာများအဖြစ်လည်း ယင်းအခမ်းအနားများက အကျိုးပြုလျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံက စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ သမ္မတရှီ သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေး၌ ဖွံ့ဖြိုးတိုးတက်မှုအား ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေး မူဝါဒလုပ်ငန်းစဉ်၏ ထိပ်တန်းဦးစားပေးအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ စံချိန်တင်အရေအတွက်အထိ တက်ရောက်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုကို မြှင့်တင်ဖော်ဆောင်မည့် လုပ်ငန်းအစီအစဉ် ချမှတ်မှုအပြင် အာဖရိကနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင် စက်မှုအသွင်ပြောင်းမှုကို အထောက်အကူပေးရန် ပထမဆုံးအကြိမ် စုပေါင်းကတိကဝတ်ပြုမှုကိုလည်း အသိသက်သေပြုခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260806/338a1b2ef67d4e009ba2fd7af510bb9e/c.html

……………………………………………………………………..

(English Version)

Xiplomacy: Hosting the world, building the future

BEIJING, Aug. 6 (Xinhua) -- As southern China's metropolis of Shenzhen prepares to host the 33rd Asia-Pacific Economic Cooperation Economic Leaders' Meeting in November, China is once again extending its welcoming arms to leaders from around the world.

Over the years, China has hosted a series of major diplomatic gatherings that have brought together world leaders. More than simply platforms for dialogue, these occasions have showcased China's vision for global cooperation and offered a glimpse of President Xi Jinping's approach to diplomacy.

For Xi, hosting world leaders begins with hospitality.

In May 2023, on his 70th birthday, Kazakh President Kassym-Jomart Tokayev arrived in the ancient Silk Road city of Xi'an for a state visit to China and the inaugural China-Central Asia Summit. During their talks, Xi extended birthday wishes to his guest.

"On this special occasion, your visit speaks volumes about the strength of our bilateral ties and reaffirms your unique bond with China," Xi said with a smile.

"Thank you," Tokayev, who speaks fluent Mandarin, replied in Chinese.

An old Chinese saying goes: "Is it not a real delight to have friends coming to visit you from afar?"

Whether welcoming old friends or first-time visitors, Xi's attentiveness has become a defining feature of China's diplomacy as a host, helping foster mutual trust and friendship.

Yet these gatherings are about more than hospitality.

In times of global uncertainty, they have also served as venues where China has called for dialogue, openness and cooperation while presenting its proposals to address shared challenges.

In 2016, China hosted the Group of 20 (G20) summit for the first time. Chaired by Xi, the summit marked a milestone in global economic governance.

At the summit, development was placed at the forefront of the global macro-policy agenda for the first time. The summit, which brought together a record number of developing countries, also witnessed the adoption of an action plan to advance the implementation of the UN 2030 Agenda for Sustainable Development, as well as the first-ever collective commitment to support industrialization in Africa and the least developed countries.

https://english.news.cn/20260806/338a1b2ef67d4e009ba2fd7af510bb9e/c.html