ဟန်ကျိုး၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ယခုနှစ်၏ ၁၃ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်သော “Dolphin” သည် တရုတ်နိုင်ငံ အရှေ့ပင်လယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်နှင့်အမျှ "ကျဲ့ကျန်းပြည်နယ် ရေကြီးရေလျှံမှု၊ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးခေါင်ရေရှားမှု ကာကွယ်တားဆီးရေး အရေးပေါ်တုံ့ပြန်မှု အစီအမံ" အရ လေ့လာသုံးသပ်၍ ညှိနှိုင်းဆွေးနွေးပြီးနောက် ကျဲ့ကျန်းပြည်နယ် ရေကြီးရေလျှံမှု၊ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးခေါင်ရေရှားမှု ကာကွယ်တားဆီးရေး ကွပ်ကဲမှုဌာနက ဩဂုတ် ၅ ရက် ညနေ ၆ နာရီမှစ၍ ပင်လယ်ပြင် တိုင်ဖွန်းမုန်တိုင်း ကာကွယ်တားဆီးရေး အရေးပေါ်တုံ့ပြန်မှုကို စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
ကျဲ့ကျန်းပြည်နယ် ရေကြီးရေလျှံမှု၊ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးခေါင်ရေရှားမှု ကာကွယ်တားဆီးရေး ကွပ်ကဲမှုဌာနက တိုင်ဖွန်းမုန်တိုင်း တိုးတက်မှုအခြေအနေများကို အနီးကပ် စောင့်ကြည့်ရန်၊ ရေကြီးရေလျှံမှုနှင့် တိုင်ဖွန်းမုန်တိုင်း ကာကွယ်တားဆီးရေး အရေးပေါ်တုံ့ပြန်မှုအစီအမံနှင့် သက်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းအစီအစဉ်များအတိုင်း အဓိကသင်္ဘောများ ခိုလှုံရန်၊ ဆိပ်ကမ်းတွင်းရှိသင်္ဘောများ ကျောက်ချရပ်နားရန်၊ ပင်လယ်ပြင်ရေကြောင်းလိုင်းများ ခေတ္တရပ်ဆိုင်းရန်၊ ပင်လယ်ပြင်ဆိုင်ရာ ခရီးသွားလာမှု ရှုခင်းသာဧရိယာများ ပိတ်ထားရန်၊ ပင်လယ်ပြင် ငါးမွေးမြူရေးလုပ်ကွက်များနှင့် ပင်လယ်ပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဝန်ထမ်းများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စသည့် ပင်လယ်ပြင်ဆိုင်ရာ တိုင်ဖွန်းမုန်တိုင်း ကာကွယ်တားဆီးရေးလုပ်ငန်းများကို စနစ်တကျ ကောင်းမွန်စွာလုပ်ဆောင်ကြရန် ကမ်းရိုးတန်းတစ်လျှောက် ဒေသန္တရနှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာဌာန အသီးသီးအား တောင်းဆိုခဲ့သည်။
ကျဲ့ကျန်းပြည်နယ် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ “Dolphin” တိုင်ဖွန်းမုန်တိုင်းကြောင့် ဩဂုတ် ၆ ရက် ညပိုင်းမှစ၍ တရုတ်အရှေ့ပင်လယ် ပင်လယ်ပြင်၏ လေတိုက်နှုန်း ဖြည်းဖြည်းချင်း အားကောင်းလာပြီး ဩဂုတ် ၇ ရက်မှ ၈ ရက်တွင် လေတိုက်နှုန်း အဆင့် ၁၀ မှ ၁၃ အထိ ပြင်းထန်လာမည်ဖြစ်ကြောင်း၊ ဩဂုတ် ၈ ရက် ညပိုင်းမှ ဩဂုတ် ၁၀ ရက်တွင် ပင်လယ်အချို့နေရာများတွင် အဆင့် ၁၃ မှ ၁၆ အထိရှိသော လေပြင်းတိုက်ခတ်မှုများ ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
.......................................
(Chinese Version)
浙江启动海上防台风应急响应
新华社照片,杭州,2026年8月5日
随着今年第13号台风“白海豚”逐渐向我国东海靠近,根据《浙江省防汛防台抗旱应急预案》,经研判会商,浙江省防指决定于8月5日18时启动海上防台风应急响应。
浙江省防指要求沿海各地和省级有关部门密切关注台风发展趋势,按照防汛防台风应急预案和相关防御工作方案,有序做好重点船舶避风、在港船舶锚固、海上航线停航、涉海旅游景区关停、渔排养殖及海上施工项目人员撤离等各项海上防台风工作。
据浙江省气象台消息,受台风“白海豚”影响,6日夜里起东海海域风力逐渐增强,7日至8日将增强至10到13级,8日夜间至10日部分海域将有13至16级大风。








