ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ရန်ကုန်ဆိပ်ကမ်း၌ ၂၀၂၆ ခုနှစ် ပထမ ၇ လဖြစ်သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကုန်တင်သင်္ဘောအရေအတွက် ၄၀၂ စင်း ၀င်ရောက်ဆိုက်ကပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (သြဂုတ် ၆ ရက်) တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်း ရန်ကုန်ဆိပ်ကမ်းသို့ ဇူလိုင်လအတွင်း နိုင်ငံတကာကွန်တိန်နာသင်္ဘော ၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ်အတွင်း ကွန်တိန်နာသင်္ဘော ၇၂၈ စင်း ဝင်ရောက်ခဲ့ပြီး ယင်းအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၆၃၃ စင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၆၂၉ စင်းထက် ပိုမိုများပြားလာခြင်း ဖြစ်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်အတွင်းပိုင်းဆိပ်ကမ်းနှင့် သီလဝါအပြင်ပိုင်းဆိပ်ကမ်းတို့ ပါဝင်ပြီး စုစုပေါင်း သင်္ဘောဆိပ်ခံတံတား ၄၈ ခု ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကနိုင်ငံတကာဆိပ်ကမ်းတစ်ခုဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံ၏ ပုံမှန်ပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ (Xinhua)








