ဝန်ချန်း၊ ဟိုင်နန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်တာနက်ဂြိုဟ်တုအစုအဝေးသစ်ကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဩဂုတ် ၄ ရက်က လွှတ်တင်ခဲ့သည်။

ယင်းဂြိုဟ်တုများမှာ ၂၃ ခုမြောက် ဝေဟင်နိမ့် အင်တာနက်ဂြိုဟ်တုအစုအဝေးဖြစ်ကာ Long March-8A သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၄:၅၂ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းများဆီသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။  (Xinhua)

……………………………………..

(English Version)

Chinese Long March-8A rocket launches new internet satellite group

WENCHANG, Hainan, Aug. 4 (Xinhua) -- China sent a new batch of internet satellites into orbit Tuesday from a commercial spacecraft launch site in the southern island province of Hainan.

The satellites, the 23rd group of the low-orbit internet constellation, lifted off aboard a Long March-8A carrier rocket at 4:52 p.m. (Beijing Time) and entered their preset orbits successfully.