ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကုန်စည်စျေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဂျုံဖြူများအရောင်းအဝယ် ကောင်းမွန်နေကြောင်း မုံရွာမြို့ ကုန်သည်ပွဲစားများထံမှ သိရသည်။
လက်ရှိမုံရွာစျေးကွက်ကို ချင်းတွင်းမြစ်အနောက်ဘက် ယင်းမာပင်ခရိုင်မှ ဂျုံဖြူများဝင်ရောက်ခြင်းဖြစ်ပြီး အထွက်တိုးဂျုံဖြစ်သည့် ဂျုံနီကို ချောင်းဦးနယ်မှ အများဆုံးဝင်ခြင်း ဖြစ်ကြောင်း သိရသည်။ မုံရွာမြို့တွင် ဂျုံသီးနှံများ ကုန်တင်ကုန်ချ ပြုလုပ်နေမှု မြင်ကွင်းများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၄ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)








