ကွေ့ကျိုး၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ရယ်တုန့်မြစ်ရှုခင်းသာဧရိယာသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ရေတံခွန်တောင်စောင်းတစ်လျှောက်ကြိုးနဲ့လျှောဆင်းစွန့်စားခန်းများဖြင့် နွေရာသီ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။စွန့်စားလိုသူ ခရီးသွားဧည့်သည်အများအပြားက ရေတံခွန်မှ လွင့်စင်လာသည့် ရေမှုန်ရေစက်များ၏ အေးမြမှုနှင့် ရေတံခွန်မှ ကြိုးဖြင့်ဆင်းရသည့် ရင်ဖိုစိတ်လှုပ်ရှားမှု စသည့် ခံစားချက်များအား တစ်ပြိုင်နက်တည်း ပျော်ရွှင်စွာ ခံစားလျက်ရှိကြသည်။ (Xinhua)
……………………………………..
(English Version)
Thrills and Chills: Waterfall rappelling attracts tourists in Guizhou
Guizhou's Yedong River Scenic Area is drawing summertime visitors to its thrilling waterfall rappelling adventures. Many brave souls are enjoying both the cool mist and the rush of excitement.








