ယူနန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
နွေရာသီ၏ အပူရှိန်အမြင့်ဆုံးအချိန်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ လျင်ချန်းမြို့၊ ကန်မာ ခရိုင်ရှိ ဆာ့မာပါ့ လက်ဖက်စိုက်ခင်းများသည် စိမ်းလန်းစိုပြည်လျက်ရှိသည်။ နိမ့်ချည်မြင့်ချည် လှိုင်းတွန့်သဖွယ် အဆင့်ဆင့်တည်ရှိနေသော လှေကားထစ် လက်ဖက်စိုက်ခင်းများက မြစိမ်းရောင် လှိုင်းလုံးကြီးများကဲ့သို့ တလက်လက်တောက်ပနေပြီး လေပြေလေညင်းများက ဖူးသစ်စ ရွက်နုကလေးများ၏ လတ်ဆတ်သော သဘာဝမြေသင်းရနံ့ကို ဆောင်ယူလာစဉ် ဤမြင်ကွင်းသည် သဘာဝတရား၏ ရင်ခွင်ထဲ၌ အေးချမ်းမှုကို ရှာဖွေလိုသည့် မည်သူ့အတွက်မဆို အမှတ်တကယ် စိတ်ငြိမ်းချမ်းရာ သုခဘုံလေးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။ (Xinhua)
……………………………………..
(English Version)
Yunnan's tea gardens bathed in rich green
In the height of summer, the tea gardens in Samaba, Gengma
County, Lincang City of southwest China's Yunnan Province, are lush and green.
The rolling terraces shimmer like waves of emerald, while the gentle breeze
carries the fresh, earthy aroma of awakening leaves-a true paradise for any
soul seeking a moment of peace in nature's cup.








