ဝါရှင်တန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) လက်နက်ကိုင်များ “အပြည့်အဝ လက်နက်ဖျက်သိမ်းရေး” ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၃၀ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား ဖော်ပြခဲ့သည်။
အမေရိကန်က အစပြုသည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်က ထိုနေ့တွင် “သမိုင်းအနက်အဓိပ္ပာယ်ရှိသော” သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး ဟားမက်စ်နှင့် ဂါဇာကမ်းမြောင်ဒေသရှိ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်နက်များကို အပြည့်အဝ လက်နက်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဤသဘောတူညီချက်သည် “ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိကကျသော ခြေလှမ်း လျှောက်လှမ်းခြင်း” ဖြစ်သလို “ဂါဇာကမ်းမြောင်ဒေသကို နောက်ဆုံးတွင် ပါလက်စတိုင်းအစိုးရသစ်က စီမံခန့်ခွဲမည့် အရေးပါသည့်ခြေလှမ်းဖော်ဆောင်ခြင်း” လည်းဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါသဘောတူညီချက်မှတစ်ဆင့် “အစ္စရေးသည် ၎င်းအနေဖြင့် ရသင့်သော လုံခြုံရေးအာမခံချက်ရရှိမည်” ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို အဆင့်ခွဲ၍ လုပ်ဆောင်မည်ဖြစ်ပြီး လက်နက်ဖျက်သိမ်းရေးဆိုင်ရာ လုပ်ငန်းများ ပြီးမြောက်သည်နှင့်အမျှ အစ္စရေး စစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသမှ စွန့်ခွာမည်ဖြစ်ပြီး နိုင်ငံတကာ တည်ငြိမ်မှုတပ်ဖွဲ့သည် အသစ်ဖွဲ့စည်းထားသော ပါလက်စတိုင်းရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကာ ဂါဇာကမ်းမြောင်ဒေသ ဒေသခံပြည်သူများနှင့် ၎င်းအနီးဝန်းကျင်ဒေသများ၏ လုံခြုံရေးကို အတူတကွ အာမခံချက်ပေးမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အီဂျစ်၊ ကာတာနှင့် တူကီယဲ စသည့် ကြားဝင်ညှိနှိုင်းပေးသူများက သဘောတူညီချက်ရရှိရန် လုပ်ဆောင်ခဲ့သော ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ ထရမ့်၏ ဤပို့စ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပြင်ပ၏ တောင်းဆိုမှုများကို ဟားမက်စ်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံရုံး နှစ်ဖက်လုံးက တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)
…………………
(Chinese Version)
特朗普称已就哈马斯“全面解除武装”达成协议
新华社华盛顿7月30日电(记者黄强 徐剑梅)美国总统特朗普30日在社交媒体发文称,已达成一项关于“全面解除”巴勒斯坦伊斯兰抵抗运动(哈马斯)武装的协议。
特朗普说,由美国发起的所谓“和平委员会”当天达成一项“具有历史意义”的协议,将全面解除哈马斯及加沙地带其他武装组织的武装。他称这项协议是“迈向持久和平与安全的关键一步”,也是“实现加沙地带最终由一个新巴勒斯坦政府治理的重要一步”,同时强调通过该协议“以色列将获得其应有的安全保障”。
特朗普说,该协议将分阶段实施,随着解除武装工作的完成,以色列军队将撤出加沙地带,而国际稳定部队将与新组建的巴勒斯坦警察部队协作,共同确保加沙地带居民及其周边地区的安全。
特朗普还对埃及、卡塔尔和土耳其等调解方对达成协议所作出的努力表示感谢。
据路透社报道,哈马斯与以色列驻美大使馆均暂未回应外界对特朗普这条帖文的置评请求。(完)








