ဝန်ချန်း၊ ဟိုင်နန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အချက်အလက်ထပ်ဆင့်လွှင့်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ ဂြိုဟ်ပတ်လမ်းထဲသို့ ဇူလိုင် ၂၉ ရက်၌ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Tianlian III-01 ဂြိုဟ်တုကို Long March-7A သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်တုက ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။
Tianlian III-01 ဂြိုဟ်တုကို အာကာသယာဉ်များ၊ အာကာသလက်တွေ့စမ်းသပ်ခန်းများနှင့် အာကာသစခန်းများကဲ့သို့သော လူလိုက်ပါသည့် အာကာသယာဉ်နှင့် ကမ္ဘာပတ်လမ်းကြောင်းအလယ်အလတ်၊ ကမ္ဘာပတ်လမ်းကြောင်းနိမ့် ရင်းမြစ်ဂြိုဟ်တုများအတွက် အချက်အလက်ပြန်လည်ပို့ဆောင်ရေးနှင့် TT&C (အချက်အလက်များအား မြေပြင်သို့ပို့ခြင်း၊ ဂြိုဟ်တုတည်နေရာရှာခြင်းနှင့် အချက်အလက်ပို့ခြင်း) ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် အဓိကအသုံးပြုသည်။
ထိုလွှတ်တင်မှုမှာ Long March စီးရီးသယ်ဆောင်ရေးဒုံးပျံများ၏ ၆၅၉ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
China launches new data relay satellite into space
WENCHANG, Hainan, July 29 (Xinhua) -- China sent a new data relay satellite into orbit on Wednesday from the Wenchang Spacecraft Launch Site on the coast of the southern island province of Hainan.
The Tianlian III-01 satellite was launched at 7:50 p.m. (Beijing Time) aboard a Long March-7A carrier rocket. The satellite entered the preset orbit successfully.
Tianlian III-01 is primarily used to provide data relay and TT&C (telemetry, tracking, and command) services for crewed spacecraft such as spaceships, space laboratories and space stations, as well as for medium- and low-Earth-orbit resource satellites.
The launch marked the 659th mission of the Long March series carrier rockets. ■








