
သွန်းဟွ (ကျီလျင်)၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
လတ်တလောတွင် မုန်တိုင်းသက်ရောက်မှုကြောင့် တရုတ်နိုင်ငံ ကျီလျင်ပြည်နယ် ယန်ပြန်း ကိုရီးယားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ သွန်းဟွမြို့သည် ရေကြီးရေလျှံမှု ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။ ရေကြီးမှု လျော့ကျသွားပြီးနောက် ဌာန၊ အဖွဲ့အစည်း အသီးသီးမှ အင်အားစုများသည် ရေဘေးသင့်ရပ်ကွက်များသို့ လျင်မြန်စွာ သွားရောက်ကာ သဘာဝဘေးအလွန် ပြန်လည်ကောင်းမွန်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။ မီးသတ်ကယ်ဆယ်ရေး၊ အများပြည်သူလုံခြုံရေး၊ လျှပ်စစ်ဓာတ်အား ပေးဝေရေး၊ ပါတီနှင့် အစိုးရ အဖွဲ့အစည်းများမှ ကေဒါများ စသည့် ဘက်ပေါင်းစုံတို့က ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရွှံ့နှင့် သဲများ၊ အတားအဆီးများ ဖယ်ရှားခြင်း၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်များကို စစ်ဆေးရှာဖွေခြင်းတို့ဖြင့် ပြည်သူများ၏ ပုံမှန်လူနေမှုဘဝကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် အစွမ်းကုန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
..........................
(Chinese Version)
吉林敦化:多方合力清淤除障 加快恢复生活秩序
新华社照片,敦化(吉林),2026年7月22日
近期,受台风影响,吉林省延边朝鲜族自治州敦化市遭遇洪涝灾害。洪水退去后,各部门组织力量迅速下沉受灾小区开展灾后恢复工作。消防救援、公安、供电、党政机关干部等多方协同,清淤除障、排查隐患,全力加快恢复居民正常生活秩序。
图说1:7月21日,敦化市消防救援大队指战员在中行小区冲洗道路淤泥(无人机照片)。 新华社记者 张楠 摄
图说2:7月20日,敦化市教育局党员先锋队队员在源科壹号院小区清理垃圾。新华社记者 张楠 摄








