တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘော ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘော ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထုတ် အားသာချက်ရှိသော စက်ပစ္စည်းကိရိယာများသည် နိုင်ငံရပ်ခြားသို့ အောင်မြင်စွာ ရွက်လွှင့်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တိုးမြှင့်ရေး၏ အဓိကမောင်းနှင်အား ဖြစ်လာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) အင်ဂျင်နီယာအကြီးအကဲ ဝမ်ဝေ့မင်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။  

ပထမနှစ်ဝက်အတွင်း လေအားလျှပ်စစ် ဓာတ်အားပေးယူနစ်၊ လီသီယမ်ဘက်ထရီ တင်ပို့မှုသည် ယမန်နှစ်ကာလတူထက် ၃၅.၆ ရာခိုင်နှုန်း နှင့် ၃၇.၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာကြောင်း၊ မော်တော်ကားစီးလုံး တင်ပို့မှုမှာ အစီးရေ ၅.၀၉၆ သန်းရှိပြီး ယမန်နှစ်ကာလတူထက် ၆၅.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ပြည်ပသို့ တင်ပို့သည့် သင်္ဘောအရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ဘောတည်ဆောက်ပြီးစီးမှုပမာဏ၊ အသစ်လက်ခံရရှိသော အမှာစာပမာဏ၊ လက်ဝယ်အမှာစာပမာဏများတွင် ၉၀ ရာခိုင်နှုန်း အထက် ရှိနေပြီး နိုင်ငံတကာစျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းမှာ တည်ငြိမ်စွာ မြင့်တက်လျက်ရှိကြောင်း ဝမ်ဝေ့မင်က ထိုနေ့တွင် ကျင်းပသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။  

“၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံရဲ့  စက်ပစ္စည်းကိရိယာ စက်မှုလုပ်ငန်းကဏ္ဍ လည်ပတ်မှုဟာ ယေဘုယျအားဖြင့် ‘အခြေခံခိုင်မာခြင်း၊ ထူးခြားချက်များခြင်း၊ ပြည်ပဝယ်လိုအားများခြင်း’ ဆိုတဲ့ ထူးခြားချက်တွေ ပြသနေပါတယ်” ဝမ်ဝေ့မင်က ဆိုခဲ့သည်။

စက်ပစ္စည်းကိရိယာ စက်မှုလုပ်ငန်းကဏ္ဍ၏ တိုးတက်မှုတန်ဖိုးမှာ ယမန်နှစ်ကာလတူထက် ၆.၄ ရာခိုင်နှုန်း မြင့်တက်လာကာ သတ်မှတ်အတိုင်းအတာနှင့်အထက်ရှိသော စက်မှုလုပ်ငန်းများ၏ ၂၀ ရာခိုင်နှုန်းရှိပြီး ထိုစက်မှုလုပ်ငန်းများ၏ တိုးတက်မှုတန်ဖိုး မြင့်တက်မှုအပေါ်ပါဝင်ပံ့ပိုးမှုနှုန်းမှာ ၂၃.၅ ရာခိုင်နှုန်းအထိရှိရာ စက်မှုလုပ်ငန်းကဏ္ဍ စီးပွားရေးလည်ပတ်မှုကို အားကောင်းစွာ ထောက်ပံ့ပေးခဲ့ကြောင်း၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ကြီးမားအောင် ပျိုးထောင်မှုနှုန်း လျင်မြန်လာစေပြီး စက်မှုလုပ်ငန်းသုံး စက်ရုပ်၊ ဝန်ဆောင်မှု စက်ရုပ် ထုတ်လုပ်မှုပမာဏမှာ ယမန်နှစ်ကာလတူထက် ၂၈ ရာခိုင်နှုန်းနှင့် ၁၁.၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

................................

(Chinese Version)

国产优势装备成出口增长主力军

新华社北京7月20日电(记者唐诗凝、周圆)工业和信息化部总工程师王卫明20日说,2026年上半年,我国优势装备扬帆出海,成为出口增长主力军。装备工业出口交货值同比增长18.2%,对工业出口增长的贡献率近50%。  

王卫明在当天举行的国新办新闻发布会上介绍,上半年,风力发电机组、锂电池出口同比分别增长35.6%和37.6%;汽车整车出口509.6万辆,同比增长65.3%;出口船舶在全国造船完工量、新接订单量、手持订单量中的占比均超九成以上,国际竞争力稳步提升。

“2026年上半年以来,我国装备工业运行整体呈现‘根基稳、亮点多、外需旺’的特点。”王卫明说,装备工业增加值同比增长6.4%,占规模以上工业比重为20%,对规模以上工业增加值增长的贡献率达23.5%,有力支撑工业经济平稳运行;新质生产力加快培育壮大,工业机器人、服务机器人产量同比分别增长28%和11.9%。(完)

图说:6月9日,在山东港口青岛港,一艘装载外贸集装箱的货轮停靠泊位(无人机照片)。新华社发(俞方平 摄)