တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒိုမီနီကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vince Henderson တို့ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘာ့ဉာဏ်ရည်တုညီလာခံ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒိုမီနီကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vince Henderson တို့ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင် ကျင်းပမည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဇူလိုင် ၂၂ ရက်တွင် တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်၌ ကြေညာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ကာဂျစ္စတန်နိုင်ငံ Cholpon-Ata မြို့သို့လည်း သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများကောင်စီအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကာ ကာဂျစ္စတန်နိုင်ငံသို့ ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

...................

(English Version)

Chinese FM to attend China-ASEAN, SCO foreign ministers' meetings, visit Kyrgyzstan

BEIJING, July 20 (Xinhua) -- Chinese Foreign Minister Wang Yi will attend the China-ASEAN Foreign Ministers' Meeting in Manila, the Philippines on July 22, a Chinese foreign ministry spokesperson announced on Monday.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, will also travel to Cholpon-Ata, Kyrgyzstan, to attend the Meeting of the Council of the Ministers of Foreign Affairs of the Shanghai Cooperation Organization (SCO) member states and visit Kyrgyzstan from July 23 to 25. ■

English Caption

Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Vince Henderson, foreign minister of the Commonwealth of Dominica, who is in China to attend the World Artificial Intelligence Conference, in Shanghai, east China, July 18, 2026. (Xinhua/Chen Haoming)