အောင်လံ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အောင်လံမြို့နယ်အတွင်းရှိ စိုက်ခင်းအချို့တွင် မိုးပဲတီစိမ်းအသစ်များ ခူးဆွတ်နေသည့် တောင်သူများနှင့် ပဲတီစိမ်းကြိတ်ခွဲရန် နေလှန်းနေသည့် မြင်ကွင်းများကို ဇူလိုင် ၁၇ နံနက်ပိုင်းက ရိုက်ကူးထားခြင်းဖြစ်ပါသည်။ လက်ရှိ အောင်လံမြို့တွင် မိုးပဲတီစိမ်း အသစ်များ ပွဲရုံကုန်စည်ဒိုင်များသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ပဲတီစိမ်းအသစ် အခြောက်အသန့် ၂၀ ပိဿာဝင် တစ်အိတ်ကို ကျပ် ၇၀,၀၀၀ ခန့်နှင့် အစိုဓာတ်ရှိ ပဲတီစိမ်း၂၀ ပိဿာဝင် တစ်အိတ်ကို ကျပ် ၆၀,၀၀၀ ခန့် စျေးရှိကြောင်း အောင်လံမြို့ သီးနှံပွဲရုံ ကုန်စည်ဒိုင်များထံက သိရသည်။ (Xinhua)